Mitrthai ဝက်ဖ်ဆိုက်

MitrThai (မက်စ်သ်ထိုင်း) ဆိုသည်မှာ ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းနေထိုင်ကာ  အလုပ်လုပ်ကိုင်နေကြ သော ကမ္ဘောဒီးယား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ (လာအိုနိုင်ငံ)၊ မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်း လုပ်သားများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် ကျွမ်းကျင်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင် ပေးမည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်း တစ်ခုဖြစ်ပါသည်။ အဆိုပါ ရည်မှန်းချက် အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ သတင်းအချက်အလက် အသိပညာနှင့် ဥပဒေဆိုင်ရာ အကြံပြုချက်များအား မျှဝေဖြန့်ဖြူးပေးခြင်း အပါအဝင် နိုင်ငံခြားသား လုပ်သားများ လက်လှမ်းမီ ရယူနိုင်မည့် ဝန်ဆောင်မှုများကိုပါ ထည့်သွင်းပေးသွားပါမည်။ ဥပမာ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် မလာရောက်မီ ကြိုတင် ပြင်ဆင်ထားရမည့် အချက်များ၊ ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်မှုနှင့် သက်ရှင်နေထိုင်မှု၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများအား ရယူအသုံးပြုခြင်း၊ လုပ်သားဈေးကွက်နှင့် ကိုက်ညီမည့် ကျွမ်းကျင်မှု စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး၊ သက်ဆိုင်ဆီလျော်သည့် အလုပ်သမားအခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက် ပေးမှုများ စသည့် သတင်းအချက်အလက်များ ဖြစ်ပြီး ၎င်းသတင်းအချက်အလက်များသည် ရွှေ့ပြောင်း လုပ်သား ကိုယ်တိုင်နှင့် လိုက်ပါလာသူ မိသားစုဝင်များအတွက် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေပါမည်။

MitrThai ၏ နောက်မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှာ ရွှေ့ပြောင်းသွားလာနေထိုင်သူ များဆိုင်ရာ အလုပ်သမားအဖွဲ့(MWG – Migrant Working Group)၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM – International Organization for Migration) ကုလသမဂ္ဂအမျိုးသမီးများ ကျား/မ တန်းတူ ညီမျှရေးနှင့် လုပ်ပိုင်ခွင့်မြှင့်တင်ပေးရေး (UN Women)၊ ကွီဇာ (Quizrr) နှင့် မုဗ် (MOVE) တို့ ဖြစ်သည်။ ဤအဖွဲ့အစည်းများသည် ဘေးကင်းလုံခြုံသော ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် အလုပ်အကိုင် နေရာချထားရေး မြှင့်တင်ခြင်း အစီအစဉ်များဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး (PROMISE – Poverty Reduction through Safe Migration, Skills Development and Enhanced Job Placement in Cambodia, Lao PDR, Myanmar and Thailand) စီမံကိန်း လုပ်ငန်းများကို အတူလက်တွဲ လုပ်ကိုင်နေသူများ ဖြစ်ပြီး အဆိုပါ စီမံကိန်းအား IOM သည် UN Women နှင့်အတူ ဆွစ်ဇာလန် နိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (SDC – Swiss Agency for Development and Cooperation) ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်နေပါသည်။

MWG

ရွှေ့ပြောင်းသွားလာနေထိုင်သူများဆိုင်ရာ အလုပ်သမားအဖွဲ့(MWG – Migrant Working Group)၊ ဆိုသည်မှာ သာသနာနှစ် ၂၅၄၉ (၂၀၀၆ ခု) တွင် အသင်းအဖွဲ့များမှ ရွှေ့ပြောင်းလုပ်သားများ လူမှုဖူလုံရေး အာမခံစနစ် မှတ်ပုံတင်ခြင်း တရားမျှတမှု မရှိ ဟူ၍ စိတ်သဘောထားချင်း တိုက်ဆိုင်မှု ရှိခဲ့ရာမှ အဖွဲ့များ ကွန်ယက်အဖြစ် ပူးတွဲ လုပ်ဆောင်မှု၏ အင်အားကို အလေးထား သတိပြုမိလာကြသည်။ ထို့ကြောင့် သာသနာနှစ် ၂၅၄၉၊ ဖေဖော်ဝါရီလမှ စတင်၍ အဖွဲ့ဝင်များ ယနေ့ထိတိုင် တစ်လလျှင် တစ်ကြိမ် အစည်းအဝေး ပြုလုပ်ပြီး ညှိနှိုင်း ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ပါသည်။ အစည်းအဝေးတွင် အရေးကြီးကိစ္စရပ် ၃ ရပ် ဖြစ်သော ကျန်းမာရေး၊ ပညာရေး နှင့် အလုပ်သမား အခွင့်အရေး တို့နှင့် စပ်လျဉ်း၍ အစိုးရ၊ ပညာရှင်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တွဲဖက် တွန်းအားပေး လုပ်ဆောင်သွားနိုင်ရန်အတွက် သတင်းအချက်အလက်များကို မျှဝေခြင်း၊ ဖလှယ်ခြင်း၊ ရရှိလာသည့် သတင်းအချက်အလက်များအား လေ့လာအကဲဖြတ်ခြင်း၊ မူဝါဒဆိုင်ရာ အချက်များနှင့် လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ ချမှတ်သွားခြင်းဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ ဂုဏ် သိက္ခာကို အလေးထား၍ ခွဲခြားဆက်ဆံခံရမှု မရှိစေဘဲ သက်ဆိုင်ရာ ခံစားခွင့်များနှင့် ကာကွယ်စောင့်ရှောက်မှု တို့အား လက်လှမ်းမီ ရရှိစေနိုင်ရန်နှင့် ကောင်းမွန်သည့် ဘဝ အရည်အသွေး ဖြစ်ထွန်းစေနိုင်ရန် ရည်ရွယ်ပါ သည်။

MWG နှင့်ပတ်သက်သည့် အသေးစိတ် သတင်းအချက်အလက်များကို https://www.mwgthailand.org/ တွင် ဝင်ရောက် လေ့လာကြည့်ရှု့နိုင်ပါသည်။

IOM

ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) သည် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံသည် ယင်းအဖွဲ့၏ အဖွဲဝင်နိုင်ငံအဖြစ် ၁၉၈၆ ခုတွင် ဝင်ရောက်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံရှိ IOM ရုံးသည် IOM အဖွဲ့ကြီး၏ အကြီးဆုံး ရုံးဌာနများထဲမှ တစ်ခု ဖြစ်နေပြီး အရာရှိ၊ ဝန်ထမ်းပေါင်း ၃၂၀ ဖြင့် စီမံကိန်း ၃၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

IOM ၊ ထိုင်းနိုင်ငံ၏ ရုံးချုပ်သည် ဘန်ကောက်မြို့တွင် တည်ရှိပြီး ဘန်ကောက်၊ ချင်းမိုင်၊ မဲဟောင်ဆောင်၊ မဲစရင် နှင့် မဲဆောက်တို့တွင် ရုံးခွဲပေါင်း (၈) ခု ဖွင့်လှစ်ထားပါသည်။

ထိုင်းနိုင်ငံရှိ IOM ရုံးချုပ်၏ အဓိက လုပ်ငန်းဆောင်တာများမှာ ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ စီမံကိန်း၊ ပုဂ္ဂလိကများနှင့်တွဲဖက်လုပ်ဆောင်မှု၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာသုတေသနစီမံကိန်း၊ ရွှေ့ပြောင်း သွားလာနေထိုင်သူများအား အကူအညီပေးခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ခြင်း၊ အရေးပေါ် အခြေအနေ နှင့် အကြပ်အတည်း ဖြစ်ရပ်များကို လက်ခံ ကိုင်တွယ် ဖြေရှင်းပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်စီမံ ခန့်ခွဲရေး၊ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၏ ကျန်းမာရေးကိစ္စရပ်များနှင့် ရွှေ့ပြောင်းသွားလာနေထိုင်သူ များအား တတိယနိုင်ငံသို့ လွှဲပြောင်းပေးခြင်း စသည်တို့ ပါဝင်သည်။

IOM နှင့်ပတ်သက်သည့် အသေးစိတ် သတင်းအချက်အလက်များကို https://thailand.iom.int တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

UN Women

ကုလသမဂ္ဂအမျိုးသမီးများ ကျား/မ တန်းတူ ညီမျှရေးနှင့် လုပ်ပိုင်ခွင့်မြှင့်တင်ပေးရေး (UN Women) သည် အမျိုးသမီးများ နှင့် မိန်းကလေးငယ်များ၏ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးခြင်းဖြင့် ၎င်းတို့အပေါ် ခွဲခြားဆက်ဆံ နေမှုများ ပပျောက်အောင် တားဆီးကာကွယ်ပေးနိုင်ရန် ဆိုသည့် ရည်မှန်းချက် ထားရှိပါသည်။ ထို့အပြင် အမျိုးသမီးများနှင့် ကျား/မ မရွေး နယ်စွန်၊ နယ်ဖျားတွင် နေထိုင်သူများသည် တန်းတူညီတူ ဖွံဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုတို့၏ အကျိုးကျေးဇူးများကို ခံစားရရှိနိုင်စေရန် ရည်မှန်း ထားပါသည်။ အမျိုးသမီးတို့၏ လုပ်ပိုင်ခွင့်ကို မြှင့်တင်ပေးခြင်းဖြင့် အမျိုးသမီးတို့၏ စီးပွားရေး တန်းတူညီမျှမှု များ ရရှိဖြစ်ထွန်းစေရန်မှာ ယနေ့ခေတ် အလုပ်အကိုင် လောက၌ အထူးပင် အရေးကြီးသည့်အချက် ဖြစ်ပါ သည်။ ထို့အပြင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် တစ်ဦးချင်း အဆင့်တွင် သာမက လူမှုအဖွဲ့ အဆင့်များ၌ပါ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး မောင်းနှင်ရာတွင် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ရပ်တည် နေပါသည်။

UN Women နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို https://asiapacific.unwomen.org တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

Quizrr

Quizrr (ကွီဇာ) ဆိုသည်မှာ လူမှုအဖွဲ့အစည်း ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ ဒီဂျစ်တယ် ပလက်ဖောင်း တစ်ခု ဖြစ်ပါသည်။

Quizrr မှ ကမ္ဘာကုန်ထုတ်လုပ်ရေး ကွင်းဆက်များ၌ လူမှုအဖွဲ့ရေးရာ တာဝန်ခံမှုကို ဖွံ့ဖြိုးအားကောင်းစေရန် အတွက် ဒီဂျစ်တယ် လေ့ကျင့်မွမ်းမံမှု ပုံစံ၊ ဆန်းသစ်နည်းပညာကို မိတ်ဆက်ပေးနေပါသည်။ ကျွန်တော်တို့မှ ကမ္ဘာတစ်ဝှမ်းရှိ လုပ်သားများအား ၎င်းတို့၏ တာဝန်များနှင့် အခွင့်အရေး ခံစားမှု၊ ကျန်းမာရေးနှင့် ဘေးကင်း လုံခြုံရေး ကျင့်ဝတ်နှင့် ညီညွတ်သည့် လုပ်သား ရှာဖွေခန့်ထားမှု၊ လုပ်ငန်းနေရာ၌ စကားပြောဆို ဆွေးနွေးမှု နည်းစနစ်နှင့် အခြား ခေါင်းစဉ်ပေါင်း များစွာ တို့ဖြင့် ကူညီ လေ့ကျင့် အသိပညာပေးနေပါသည်။

Quizrr တွင် လုပ်သားတိုင်းအတွက် စွမ်းရည် ထိရောက်စွာ ကူညီလေ့ကျင့် မွမ်းမံပေးနိုင်စေမည့် ဗီဒီယို ကလစ် နှင့် အမေး၊ အဖြေ စီးရီးများဖြင့် သင်ယူ အသုံးပြုရ လွယ်ကူသည့် ပညာပေး မီဒီယာများစွာ ရှိကာ ရေရှည် တည်တံ့ခိုင်မြဲသည့် ထုတ်လုပ်မှု ဖြစ်ထွန်းရေးအတွက် အရေးကြီးသည့် လူမှုရေးရာ အချက်များနှင့် အမြင်များ ကို ပေါင်းစပ် ထည့်သွင်း အသိပညာ ပေးထားပါသည်။

အသေးစိတ် သတင်းအချက်အလက်များကို www.quizrr.se တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

MOVE Group

MOVE သည် ရွေ့ပြောင်းလုပ်သားများအား ဒစ်ဂျစ်တယ်သင်တန်းများကို လွယ်လင့်တကူရရှိစေပြီး ကမ္ဘာ့ကုန်စည်စီးဆင်းမှုတွင် ပိုမိုအားကောင်းလာစေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းနှင့် အကျိုးအမြတ်မယူသော အဖွဲ့များဖြင့် စုစည်းထားသော အစုရှယ်ယာလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ၎င်း၏ ရည်မှန်းချက်မှာ စျေးကွက်အမျိုးမျိူးရှိ ဒစ်ဂျစ်တယ်သင်တန်းများ၏ အရင်းမြစ်ကို အလုပ်ပိုင်းဆိုင်ရာ တာဝန်နှင့် အခွင့်အရေး သင်တန်းများနှင့်အတူ အကန့်အသတ်မဲ့ (အခမဲ့) မိတ်ဆက်ပေးရန် ဖြစ်ပါသည်။ဘာသာစကားအမျိုးမျိုးဖြင့်သော သင်တန်းများကို ဇာတ်ကားတိုများ၊ Animationများ နှင့် ပ‌ဟေဠိမေးခွန်းများ အပေါ်တွင် အခြေခံထားမည်ဖြစ်ပြီး စာဖတ်စာရေးမနိုင်နင်းသူများအတွက် နောက်ခံစကားပြောများဖြင့်လည်း စီစဉ်ထားရှိပေးပါမည်။ MOVE၏ ကနဦးစီမံကိန်းမှာ ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမားများအတွက် ကိုဗစ်နိုင်တင်းနှင့် အလုပ်သမားအခွင့်အရေးများကို ဦးတည်ထားသော မိုဘိုင်းအပလီကေးရှင်းကို ထုတ်လုပ်ခြင်းဖြစ်ပါသည်။ ဤအပလီကေးရှင်းအား QR code မှ တဆင့် mitrthai.com တွင် ဒေါင်းလုပ် လုပ်ခြင်းအားဖြင့် ရယူနိုင်ပြီး အခြား အခြားသော ရွေ့ပြောင်းအလုပ်သမားများထံသို့ ရောက်ရှိနိုင်သော လမ်းကြောင်းများမှလည်း ရယူနိုင်ပါသည်။ထိုသို့ ရွေ့ပြောင်းအလုပ်သမားများအား သတင်း၊ မိုဘိုင်းအပလီကေးရှင်းနှင့် mitrhthai.comများသို့ စိတ်ချလက်ချ လွယ်လင့်တကူ ဆက်သွယ်နိုင်စေရုံသာမကဘဲ အခြားသော ရွေ့ပြောင်းအလုပ်သမားအုပ်စုများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာမှ အလုပ်သမားများကို ဒီဂျီတယ်ပိုင်းဆိုင်ရာစွမ်းရည်များ ပိုမိုအားကောင်းလာစေရန်လည်း ရည်ရွယ်ပါသည်။ MOVE သည် Nordic လုပ်ငန်းမှ ဆင့်ပွားပြီး Ax ဖောင်‌ဒေးရှင်း၊ Quizrr နှင့် 10 Nordic အစားအသောက်ကုမ္ပဏီတို့မှ ၂၀၁၇ တွင် စတည်တည်ထောင်ခဲ့သော အောင်မြင်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်မှု တစ်ခုလည်း ဖြစ်ပါသည်။ဤလုပ်ငန်းသည် ထိုင်းနိုင်ငံရှိ ကုန်စည်လုပ်ငန်းများတွင်လုပ်ကိုင်နေသော အလုပ်သမားများအတွက် ဒစ်ဂျစ်တယ် တက်ဘလက်ပြားပေါ်တွင် အခြေခံသော Quizrr သင်တန်းများအား ဖန်တီးပေးခဲ့ပါသည်။ ယနေ့ခေတ်တွင် နယ်ပယ်အသီးသီးမှ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများအား MOVE တွင် ပါဝင်စေပြီး အဆင့်အမျိုးမျိူးအတွင်း၊ လုပ်ငန်းအတွင်း၊ အပြောင်းအလဲအတွင်းရှိနေသော အလုပ်သမားအားလုံးထံသို့ MOVE က ရောက်ရှိနေပြီ ဖြစ်ပါသည်။Ax ဖောင်‌ဒေးရှင်းသည် MOVE၏ ညှိနိုင်းဆောင်ရွက်ရသည့် အဖွဲ့အစည်းဖြစ်ပြီး အခြားသော Ax food၊ Electrolux၊ HP၊ IOM နှင့် Unil နော်ဝေတို့၏ မိတ်ဘက် အဖွဲ့အစည်းလည်း ဖြစ်ပါသည်။နည်းပညာပိုင်းဆိုင်ရာ အထောက်အပံပေးသည့် အဖွဲ့အစည်းများမှာ Quizrr နှင့် Ulula တို့ ဖြစ်သည်။ ဆွီဒင် Quizzr ပညာရေးဆိုင်ရာ နည်းပညာကုမ္ပဏီမှ သင်တန်းများဖြစ်သည့် ကျင့်ဝတ်နှင့်အညီ အလုပ်သမားငှားရမ်းခြင်း၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းစင်ရေး၊ လုပ်ငန်းခွင်အတွက် မှုဝါဒ နှင့် အခြားအကြောင်းအရာများကို ကစားပွဲလေးများ(game များ)ဖြစ်အောင် ဖန်တီးပေးထားပါသည်။ ဤမိုဘိုင်းအပလီကေးရှင်းအားသုံးစွဲသော အလုပ်သမားများမှ လိုအပ်ချက်များနှင့် အခက်အခဲများအား MOVE သို့ ဆက်သွယ်တင်ပြနိုင်ရန် စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်များအတွက် ကနေဒါကုမ္ပဏီ Ulula မှ ဖန်တီးပေးထားပါသည်။ axfoundation.se/move တွင် ပိုမို လေ့လာနိုင်ပါသည်။

Ulula

Ulula သည် အလုပ်သမားများနှင့် ၎င်းတို့၏ အသိုင်းအဝိုင်းမှ လိုအပ်ချက်အသံများကို ဒီဂျစ်တယ်နည်းပညာများမှ အဆင့်ဆင့် ကြားသိနိုင်စေရန် မြင့်တင်ပေးသော ဆော့ဝဲနှင့် ပိုင်းခြားလေ့လာနိုင်စေသောလမ်းစဉ်လည်း ဖြစ်ပါသည်။ Ulula အနေနှင့် ကုမ္ပဏီများအား လူမှုရေးဆိုင်ရာ အန္တရာယ်များအား စောင့်ကျပ်ကြည့်ရှုရန်နှင့် လျှော့ချရန်အတွက်သာမက အဆင့်တိုင်းစီတွင် ကျင့်ဝတ်နှင့်ညီသော ကမ္ဘာ့ကုန်စည်စီးဆင်းမှု ဖြစ်ပေါ်လာစေရန်အတွက်ပါ အချိန်နှင့်အညီ တပြေးတည်း သိမြင်နိုင်စွမ်းအားကို စီစဥ်ပေးထားပါသည်။ Ulula သည် တော်ရန်တို၊ နယူးယောခ့် နှင့် လယွန်တို့တွင်အခြေပြုပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် လုပ်ကိုင်လည်ပတ်လျှက်ရှိပြီး ကမ္ဘာတလွားရှိ တသန်းကျော်သောအစုရှယ်ရာဝင်များနှင့် ဆက်စပ်လုပ်ကိုင်လျှက်ရှိပါသည်။သတင်းအချက်လက်များအား www.ulula.com ပိုမို သိရှိနိုင်ပါသည်။

“ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် သက်ဆိုင်တဲ့သတင်းအချက်အလက်တွေနဲ့ အလုပ်လုပ်နေရတဲ့အခြေအနေတွေအပေါ်သတင်းပေးပို့ချက်တွေရရှိနိုင်စေတဲ့ အထောက်အကူတစ်စုံကို ကူညီထောက်ပံ့ပေးဖို့ ကျွန်တော်တို့အနေနဲ့ IOM နဲ့ Quizrr တို့နဲ့အတူ တွဲဖက်လုပ်ဆောင်ရတာကို အလွန်စိတ်လှုပ်ရှားမိပါတယ်” ဟု အန်းထွမ်းဟရူတီက ပြောပါသည်

Axfood

Axfood ဆိုသည်မှာ လူသုံးကုန်နှင့် စားသုံးကုန်ပစ္စည်းကဏ္ဍတွင် ဒုတိယမြောက် အကြီးမားဆုံးသော ဆွီဒင် ကုမ္ပဏီအုပ်စု ဖြစ်ပြီး ထိုအုပ်စုအောက်တွင် Willys၊ Hemköp၊ Tempo၊ Axfood Snabbgross၊ Mat.se နှင့် Middagsfrid ကုမ္ပဏီတို့ ပါဝင်သည်။ လုပ်ငန်းများ လည်ပတ်လုပ်ဆောင်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲမှုအား ကုမ္ပဏီ၏ အဓိက အရေးပါသော အပိုင်းကဏ္ဍအဖြစ် အလေးထား မှတ်ယူထားကြပါသည်။ လုပ်ငန်းပိုင်း ဆိုင်ရာ မျှော်မှန်းချက်မှာ ကောင်းမွန်၍ ရေရှည်တည်တံ့သော စားသောက်ကုန်လုပ်ငန်း၏ ဦးဆောင်သူ ဖြစ်ရေး ဖြစ်ပါသည်။

UNIL

Unil AS သည် နော်ဝေးနိင်ငံ၏ အကြီးဆုံးသော လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ၊အား လက်ကား ရောင်းချသူ ဖြစ်သော Norges Gruppe ကုမ္ပဏီအုပ်စု၏ လက်အောက်ခံ အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ Unil AS အနေနှင့် Norges Gruppe၏ အမျိုးအမည် ၄၀၀၀ ခန့် ရှိသော ကုန်ပစ္စည်းများကို မှာယူ ဝယ်ကြားခြင်းနှင့် ဈေးကွက် ဖော်ဆောင်ခြင်းများကို ပြုလုပ်ပေးနေပြီး ကုန်ပစ္စည်းများကို ဓါတ်ဆီဆိုင်အတွင်း ဖွင့်လှစ်ထားသည့် ကုန်စုံဆိုင်၊ စားသောက်ဆိုင်၊ စားသောက်ခန်းမ၊ ဟိုတယ်နှင့် အမြန်စားသောက်ဆိုင်များ အပါအဝင် အထွေ ထွေ ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များထံသို့  ပေးပို့ ဖြန့်ဖြူး ရောင်းချပေးနေပါသည်။

HP သမိုင်း

ကမ္ဘာတဝှမ်းရှိနေရာတိုင်းမှ လူတိုင်း၊ အဖွဲ့အစည်းတိုင်းမှ အယောက်တိုင်း၊ အသိုက်အဝန်းတိုင်းများ၏ ဘဝများကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်ပေးနေသော နည်းပညာကို HP inc. မှ တည်ထွင်ဖန်တီးနေပါသည်။ HP inc. ၏ printers (စာရိုက်စက်များ)၊ PCs (လက်ကိုင်ကွန်ပြူတာများ) mobile devices (မိုဘိုင်း စက်များ)၊ solutions(ဖြေရှင်းပေးခြင်း) နှင့် ဝန်ဆောင်မှုများဆိုင်ရာအချက်အလက်များမှတဆင့် အံဩမင်သက်မှုကို ခံစားမိစေရန် HP inc. မှ ဖန်တီးထုတ်လုပ်ထားပါသည်။

ကုန်ပစ္စည်းများအား စျေးကွက်အထိရောက်အောင် လုပ်ဆောင်ပေးနေသော အလုပ်သမားအားလုံးကို ဂုဏ်သိက္ခာနှင့် အညီ လေးလေးစားစားဆက်ဆံခံရစေရန် နှင့် ကုန်စည်တင်သွင်းသူများသည်လည်း ရေရှည်တည်တံသောအနာဂတ်ကို အားလုံးအတွက် ဖန်တီးနေသည့် မိတ်ဘက်များပင်ဖြစ်ကြောင်းကို ရည်ရွယ်ပြီး ကျွန်ုပ်တို့၏ ကျယ်ပျံ့လှသော လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာတာဝန်ယူမှုအစီအစဉ်များမှတဆင့် အသေအချာ လုပ်ဆောင်လျှက်ရှိပါသည်။ ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမားများ ကိုဗစ်နိုင်တင်းနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်များ လွယ်လင့်တကူရရှိစေရေးကို အထောက်အပံဖြစ်စေရန် မတူညီသောနယ်ပယ်မှ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သည့် ထိုင်းနိုင်ငံရှိ အလုပ်သမားတိုင်းကိုလည်း အကျိုးရှိစေသည့် ဤစီမံကိန်းတွင် HP Inc. မှ ပါဝင်ဆောင်ရွက်ရသည်ကို ဝမ်းသာလှပါသည်။ (ဝမ်းမြောက်စွာ ပါဝင် လုပ်ကိုင်လျှက်ရှိပါသည်)